Incheon National University
အားလုံးပဲ မင်္ဂလာပါခင်ဗျာ။ Million Chances မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ကျွန်တော်တို့ Million Chances အနေ နဲ့ နိုင်ငံခြားတက္ကသိုလ်တွေမှာ ပညာသင်ကြားလိုတဲ့ ကျောင်းသားလူငယ်တွေအတွက် နိုင်ငံခြား တက္ကသိုလ်တွေရဲ့ အကြောင်းတွေကို လက်လှမ်းမှီ သလောက် ဖော်ပြပေးနေတာ ဖြစ်ပါတယ် ခင်ဗျာ။
ယခုအပတ်မှာလည်း တောင်ကိုရီးယားနိုင်ငံရဲ့ နာမည်ကြီးတက္ကသိုလ်တွေထဲက တစ်ခုဖြစ်တဲ့ Incheon National University (INU) အကြောင်း ကို ဖော်ပြပေးချင်ပါတယ်။ INU ကတော့ တောင်ကိုရီးယား ရဲ့အကြီးဆုံးလေဆိပ် တည်ရှိရာ အင်ချွန်းမြို့မှာ တည်ရှိပြီး အာရှရဲ့ အကောင်းဆုံး တက္ကသိုလ်တွေထဲက တစ်ခုဆိုရင်လည်းမမှားပါဘူး။
INU မှာ ဆိုရင်တော့ ကျောင်းစရိတ် သက်သာစွာ နဲ့ မေဂျာတွေ တော်တော်စုံတာကြောင့် မိမိကြိုက်နှစ်သက်ရာ မေဂျာတွေကို တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။
မေဂျာတွေနဲ့ အသေးစိတ်အကြောင်းအရာတွေကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်။
(inu.ac.kr/mbshome/mbs/inuengl/learn/academics.html)
ဒါ့အပြင် ကိုယ့်ရဲ့ Test of Proficiency in Korean (TOPIK) ပေါ်မူတည်ပြီး 50% မှ 100% scholarship တွေလည်း ရရှိနိုင်မှာဖြစ်ပါတယ်။ TOPIK score level 3 နှင့်အထက်ရှိသူ တွေကတော့ မိမိကြိုက်နှစ်သက်ရာမေဂျာ ကို တက်ရောက်နိုင်မှာ ဖြစ်ပြီး Scholarship လျှောက်ချင်သူတွေ အတွက် ကတော့ TOPIK level အနည်းဆုံး 4 လောက်ထိ ရှိနေဖို့ လိုအပ်ပါတယ်။
Incheon National University ဟာ ကိုရီးယားမှာရှိတဲ့ တခြား တက္ကသိုလ်တွေထက် ကျောင်းစရိတ် သက်သာတဲ့ကျောင်းလို့ပြောလို့ရပြီး ကျောင်းတက်နေစဉ်ကာလတွေမှာလည်း ကိုယ့်ရဲ့ Grade Average Point (GPA) ပေါ် မူတည်ပြီး ကိုရီးယားအစိုးရရဲ့ လစဉ် ထောက်ပံကြေးတွေ အပြင် ကျောင်းကပေးအပ်တဲ့ Scholarship တွေကိုလည်း ထပ်မံရရှိ နိုင်အုန်းမှာဖြစ်ပါတယ်။ GPA 3.75 ရရှိသူတွေအနေနဲ့ 100% scholar ရရှိမှာဖြစ်ပြီး GPA 3.5–3.74 ရရှိသူ များကတော့ 50% scholarship ရရှိ မှာဖြစ်ပါတယ်။
INU ကပေးတဲ့ Scholarshipတွေ အကြောင်းကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်။ (inu.ac.kr/mbshome/mbs/inuengl/admissions/undergradadmissions.html)
ဒါ့အပြင် နိုင်ငံတကာကျောင်းသားတွေ အတွက် အခွင့်အရေးတစ်ခုအနေနဲ့ INU မှာပဲ Language Program တက်ပြီး တစ်ဆက်တည်း Undergraduate ဆက်တက်မယ့်သူတွေကို ကျောင်းကနေ Scholar အနေနဲ့ First year 1st semester ရဲ့ ကျောင်းလခ 50% ကိုသာပေးသွင်းရမှာ ဖြစ်ပါတယ်။ INU မှာ Language Program တွေအပြင် မိမိကြိုက်နှစ်သက်ရာမေဂျာ ကို Undergraduate, Graduate, ph.d ဘွဲ့တွေအထိ တက်ရောက်နိုင်မှာဖြစ်ပါတယ်။
INU ရဲ့ တစ်ခြားသော အကြောင်းအရာတွေ ဖြစ်တဲ့ Part-time Job Opportunities, School facilities, Tuition Fee per Semester($) အကြောင်းတွေကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ် ခင်ဗျာ။
(https://bit.ly/Incheon-University)
အရင်နေ့တွေကတင်ဆက်ခဲ့တဲ့ ကိုရီးယားနိုင်ငံက တက္ကသိုလ်တွေအကြောင်းကိုတော့ အောက်ကလင့်တွေမှာ ဖတ်ရှုနိုင်ပါတယ်။
KAIST University အကြောင်း
www.facebook.com/millionchancesmm/posts/160342956269618
Yonsei University အကြောင်း