About KAIST University
မင်္ဂလာပါ။ Million Chances မှ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီနေ့မှာတော့ KAIST University အကြောင်းတစ်ချို့နဲ့ info အချို့ကို Sharing လုပ်ပေးသွားမှာပဲ ဖြစ်ပါတယ်။
KAIST (Korea Advanced Institute of Science and Technology) ဆိုတာကတော့ ကိုရီးယားနိုင်ငံ Daejeon မြို့မှာ ရှိတဲ့ နာမည်ကြီး University တစ်ခုပဲ ဖြစ်ပါတယ်။ KAIST ကို 1971 မှာ ကိုရီးယား အစိုးရက စတင်တည်ထောင်ခဲ့တာ ဖြစ်ပြီး Researching ကို ဦးစားပေးတဲ့ အင်ဂျင်နီယာ သိပ္ပံကျောင်းတစ်ခု ဖြစ်ပါတယ်။ KAIST ဟာ ကိုရီးယားနိုင်ငံရဲ့ №5 အကောင်းဆုံး University အဖြစ်သတ်မှတ်ခံထားရပြီး World rank အနေနဲ့ 41 မှာ ရှိတဲ့ တစ်ကယ့်ကို ကောင်းမွန်တဲ့ ကျောင်းတစ်ခု ဖြစ်ပါတယ်။
KAIST မှာ College of Natural Sciences, College of Life Science and Bioengineering, College of Engineering, College of Liberal Arts and Convergence Science, College of Business စတဲ့ ကောလိပ် ၅ခု အပြင် ဌာနပေါင်း ၂၇ခု အထိ ရှိတဲ့ University တစ်ခု ဖြစ်ပါတယ်။ Majors တွေ အနေနဲ့မှာလဲ Science and Technology University ဖြစ်တဲ့အလျှောက် Computer Science, Materials Science & Engineering, Mechanical, Aerospace, Bioengineering Majors တွေ အပြင် တစ်ခြားသော Majors များစွာလဲ ရှိပါသေးတယ်။
College တွေနဲ့ Department တွေအကြောင်းကိုတော့ အောက်က link ကို နှိပ်ပြီးလေ့လာနိုင်ပါတယ်။
Majors နဲ့ University အကြောင်းတစ်ချို့ကိုတော့ ဒီ link မှာ လေ့လာနိုင်ပါတယ်။
ဒါ့အပြင် KAIST က international students တွေ အတွက် Full-ride Scholarship တွေ ပေးလေ့ရှိတာကြောင့် KAIST ဟာ မြန်မာလူငယ်တွေကြားထဲမှာလဲ နာမည်ကျော်ကြားတဲ့ Scholarship တစ်ခုဖြစ်ပါတယ်။
KAIST Scholarship ကို ဘယ်လိုလျှောက်ရမလဲ ဘာတွေလိုအပ်လဲ ဆိုတာတွေကိုတော့ Convoy of all Page က ရေးသားထားတဲ့ Content ကို အောက်က link ကိုနှိပ်ပြီး ဖတ်ရှုနိုင်ပါတယ် ခင်ဗျာ။
🔗 Link >> Click Here
KAIST Scholarship မှာ ဘာတွေပါဝင်လဲ ဘာမေဂျာတွေလျှောက်လို့ရလဲ ဘယ်သူတွေလျှောက်လို့ရလဲ နဲ့ ကျောင်းလျှောက်ပုံလျှောက်နည်း အဆင့်ဆင့်တွေအပြင် တစ်ခြားအကြောင်းအရာတွေကိုတော့ Guide with Mahuyar Page က ရေးသားထားတဲ့ Content ကိုတော့ အောက်က link မှာ လေ့လာနိုင်ပါတယ်။
🔗 Link >> Click Here
KAIST Scholarship နဲ့ ပတ်သက်ပြီး အမှတ်မှား အထင်မှားကြတဲ့ info တစ်ချို့ကိုလဲ Convoy of all Page က ရေးထားတဲ့ ဒီ Content ထဲမှာ လေ့လာနိုင်ပါတယ် ခင်ဗျာ။
🔗 Link>> Click Here
ဘယ်လို Scholarship မျိုးတွေရှိတာလဲ ဘယ်လိုလူတွေကို ပေးတာလဲ စတဲ့ Scholarship type တွေ အကြောင်းကိုတော့ University ရဲ့ Website မှာ လေ့လာလို့ရပါတယ်။
Click Here for Scholarship Types
Application timeline တွေ requirements တွေ application fees အကြောင်းတွေကိုတော့ University က တိုက်ရိုက်ပေးထားတဲ့ Admission Guide (For Undergraduate) ကိုတော့ အောက်က Link မှာ လေ့လာနိုင်ပါတယ်။
Click Here for Admission Guide
သိထားသင့်တဲ့ Scholarship အခြေခံ စည်းမျဉ်းစည်းကမ်းတွေ အကြောင်းကိုတော့ အောက်က link မှာ လေ့လာနိုင်ပါတယ်။
KAIST ရဲ့ Campus Life အကြောင်းကိုတော့ ဒီ link မှာ လေ့လာနိုင်ပါတယ်။
Click Here for Campus Life in KAIST
တစ်ခြားသော အကြောင်းအရာတွေနဲ့ သိချင်တာတွေကိုတော့ KAIST ရဲ့ Official Website ဖြစ်တဲ့ https://www.kaist.ac.kr/en/ မှာ သွားရောက်လေ့လာနိုင်ပါတယ်ခင်ဗျာ။
ဒီနေ့မှာတော့ KAIST University နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ info တွေကို sharing လုပ်ပေးခဲ့တာပဲ ဖြစ်ပါတယ်ခင်ဗျာ။ နောက် KAIST University နဲ့ ပတ်သက်တဲ့ Content တွေ info တွေကို ထပ်မံတွေ့ရှိခဲ့ရင်လဲ ဒီ Post မှာပဲ info တွေ လာထပ်ဖြည့်ပေးထားမှာဖြစ်လို့ ဒီ post လေးကို Share ထားလိုက်တာ ဒါမှမဟုတ် Save ထားလို့ရပါတယ် ခင်ဗျာ။ Stay Safe ပါ။
Full credits to all the owners of the links in this post.
© KAIST © TimesHigherEducation © ConvoyofAll © GuidewithMahuyar © MC
Some links are shortened under bit.ly for reading experiences.